Monday, November 26, 2012

JXD Tablet Firmware တင်နည်း

JXD Tablet Firmware ပြန်တင်ဖို့ အတွက် Live Suit ကို ရယူပါ။
LiveSuit ကို Download ရယူရန် 

အခုပြန်တင်ထားတာက JXD tablet S11 ပါ။ အဲဒီအတွက် firmware ကတော့ ရှာထားပြီးသားမို့လို့ တင်ပေးထားပါတယ်။

Firmware တင်ပုံတင်နည်းကတော့

(၁) Zip ဖိုင်ကိုဖြည်လိုက်ပါ။
(၂) ဖိုင်ဖြည်ပြီးသွားရင် LiveSuitPack_version_1.09_20120301.exe ကိုနှိပ်လိုက်ပါ။
(၃) Language မေးရင် English ကိုရွေးပါ။
(၄) Driver Install လုပ်မလားမေးရင် Install Anyway ကိုရွေးပေးပါ။
(၅) ပြီးရင် LiveSuit.exe ကို ဖွင့်ပါ။
(၆) boxအလွတ် တစ်ခုကျလာရင် အမှားနှိပ်ပြီးသာပိတ်ပါ။ တကယ်ကတော့ အဲဒီနေရာမှာ တရုတ်စာတွေနဲ့ ပေါ်တယ်။


(၇) ဒေါင်းလုပ်လုပ်ထားတဲ့ .img နဲ့ဆုံးတဲ့ image ဖိုင်ကိုရွေးပေးပါ။ (တစ်နည်းအားဖြင့် firmware ဖိုင်)


(၈) ပြီးရင် မိမိရဲ့ JXD Device ကို ပါဝါပိတ်ပါ။ ပြီးရင် Menu Key ကို ဖိပြီး ကြိုးတပ် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ တစ်ပြိုင်တည်းမှာပဲ Power Button ကို 6 ချက်နှိပ်ပေးပါ။
3 ချက်လောက်မှာ Driver Install ဆိုပြီး ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေထောင့်မှာ တက်လာပါလိမ့်မယ်။ ပြီးရင် သူ့ဖာသာသူပဲ LiveSuit မှာ ရာခိုင်နှုန်းလေးတက်ပြီး တင်နေတာကို တွေ့ရမှာပါ။


အားလုံးပြီးသွားရင်တော့ စက်ကျသွားပြီး ပြန်တက်လာရင်တော့ မိမိရဲ့ JXD Device လေးမှာ တရုတ်ကနေ အင်္ဂလိပ်စာ ပြောင်းပြီး သုံးလို့ရပါပြီ။ စက်ပြန်တက်တဲ့အချိန်က 10 မိနစ်ကြာနိုင်ပါတယ်။

No comments:

Post a Comment