Friday, November 30, 2012

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ…

မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။
ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage
-       အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်
-       YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်
-       Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ယင် 15 MB ခန့်
-       Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်
-       Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်
-       Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်
-       Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်
-       Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်
 
Video streaming
Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။
 
Radio streaming
Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။


 
Google maps
ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။
 
Facebook
ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။
Email
ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။
Apps and games
Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။
Music
Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။
Standard web pages
အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။
 
Skype
Skype အတွက် typical data usage တွေကတော့
Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်
 
Viber
Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kb per min ဖြစ်ပြီး 1 hr ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။
 
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)
100 Kb (2 ကျပ်)
1 MB  (20 ကျပ်)
100 MB  (1500 – 1800 ကျပ်)
Credits to Sun Thurain Moe

MPT အကြောင်း သိကောင်းစရာ..




ဒီဇင်ဘာလမှစ၍ ဖုန်းအင်တာနက်ကို အသုံးပြုမယ့် မြန်မာပြည်သူများ သိရှိထားဖို့ပါ။

----------------------------------------------------------------------

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -

(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)

100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ်

ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook သုံးမယ်ဆိုရင် ပုံမှန်အားဖြင့် ဖုန်းထဲက Facebook ဆော့ဖ်ဝဲလ်က ကိုယ့် wall ပေါ်မှာရှိနေတဲ့ ပုံတွေရော၊ စာတွေရော ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် တစ်မိနစ်ကို 1MB နှုန်း data သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီ သတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Facebook သုံးလိုက်ရင် တစ်မိနစ်ကို ၂ဝကျပ် ကျမှာဖြစ်ပါတယ်။ နာရီဝက် ဖေ့ဘုတ်ခ်သုံးရင် ၆ဝဝကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber ပြောမယ်ဆိုရင် တစ်မိနစ်ကို 240Kb နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို 5 ကျပ်ကျမှာ ဖြစ်ပါတယ်။

ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Skype နဲ့ video call ပြောမယ်ဆိုရင် တစ်မိနစ်ကို 6MB နှုန်း data သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို ၁၂ဝကျပ် ကျပါလိမ့်မယ်။

Credit - Myanmar Mobile App | The Best Mobile Knowledge Sharing Site in Myanmar

ဒီအတိုင်းသာဆို ဖုန်းကတ် တစ်သောင်းကတ်ကို အလွန်ဆုံးမှ ငါးနာရီလောက်ပဲ သုံးရမယ် ထင်ပါရဲ့.. ဆက်သွယ်ရေးဝန်ကြီး ရွှေဥာဏ်တော်စူးရောက်ပုံကတော့ ပြောမနေနဲ့.. အင်တာနက် မသုံးပါနဲ့လို့ မတားဘူး... ဆက်သွယ်ရေး ဥပဒေမူကြမ်းထုတ်တယ်.. ခုလို ပိုက်ဆံ တိုးတောင်းတယ်...
ဘာဆက်လုပ်ကြမလဲ... ???????

Monday, November 26, 2012

eTm Biz Mobile for Android





စီးပွားရေးလုပ်ငန်းများအတွက် မှန်ကန်သော စီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် “ကိုး” နှစ်ကျော် စီးပွားရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို တိုးတက်လာသည့် နည်းပညာအရ Android Phone, Tablet,.. များဖြင့် လွယ်ကူစွာ ကြည့်ရှုနိုင်ရန် Android Application အား ဝန်ဆောင်မှုအသစ်အဖြစ် e Trade Myanmar မှထပ်မံထုတ်လုပ်လုက်ပါပြီ။
- စီးပွားရေးလုပ်ငန်းများအတွက် အဓိက အရေးပါသည့် နိုင်ငံတကာနှင့် ပြည်တွင်း ငွေလဲနှုန်းများ၊ ရွှေဈေးနှုန်းများ
- စိုက်ပျိုးရေးထွက်ကုန်များ အနေဖြင့် ပဲမျိုးစုံအဓိက တင်ပို့ရောင်းချသည့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းနှင့် ချင်နိုင်း ဈေးကွက်များမှ ပဲမျိုးစုံဈေးနှုန်းများ၊ ပြည်တွင်းမှ အဓိက အရေးပါသော – ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် မန္တလေး ကုန်စည်ဒိုင်များမှ လယ်ယာထွက်ကုန် ဈေးနှုန်းများ
- စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ရှိသည့် နိုင်ငံတကာနှင့် ပြည်တွင်းမှ လောင်စာဆီဈေးနှုန်းများ
- ပြည်ပမှ အဓိက တင်သွင်းသည့် စားအုန်းဆီ Malaysia (f.o.b) ဈေးနှင့် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းများ
-နိုင်ငံတကာ ဈေးကွက်သတင်းများနှင့် ပြည်တွင်း ကုန်စည်ဒိုင်များမှ ပဲမျိုးစုံ သတင်းအချက်အလက်များ
-နိုင်ငံတကာနှင့် ပြည်တွင်းမှ စီးပွားရေးသတင်းများကို eTm Biz Mobile Apps မှ တဆင့် နေ့စဉ် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
eTm Biz Mobile for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


Download>>>eTm Biz



Wifi Kill v1.7 for Android

(သိရှိထားမှသာ ကာကွယ်နိုင်မည်ဖြစ်သည်။ လေ့လာရန်သာတင်ပေးခြင်းဖြစ်သည်။)
 
Wifiကွန်ရက်တစ်ခုအတွင်းမှာ ကိုယ်နဲ့အတူတူအင်တာနက်အသုံးပြုနေကြတဲ့ ကွန်ပျူတာနဲ့ အခြားအင်တာနက်သုံးလို့ရတဲ့ Device တွေကို အင်တာနက်သုံးလို့မရအောင် ကိုယ့်ရဲ့ Android ဖုန်းကနေ လှမ်းပြီးပိတ်လို့ရတဲ့ Android ဆော့ဝဲလေးဖြစ်ပါတယ်။
 စူပါမားကတ်တွေနဲ့ အခြား Pulic Wifi ကွန်ရက်တွေမှာ အင်တာနက်အသုံးပြုနေသူတွေ တခြားအသုံးပြုသူတွေကို လှမ်းကလိနိုင်မယ့် application လေးပါ။ 
ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ မိမိရဲ့ Android ဖုန်း/Tablet က root လုပ်ထားဖို့လိုပါတယ်။ 
 လေ့လာဖို့တင်ပေးခြင်းသာဖြစ်ပါတယ်။ 
လိုချင်သူများအောက်က link မှာရယူနိုင်ပါတယ်။
Download>>>WiFiKill

Android Phone ရဲ့  Notification Bar ပေါ်မှာ ပုံနဲ့ မှတ်စုလေးတွေ မှတ်ကြမယ်



အခုတင်ပြပေးမှာ ကတော့ android phone ရဲ့ notification bar ပေါ်မှာ ပုံလေးနဲ့ မှတ်စုလေးတွေ မှတ်တဲ့ဆော့ဝဲလ်လေး အကြောင်းပဲ ဖြစ်ပါတယ်။ Notification Bar မှာလည်း Toggle လေးတွေထည့်လို့ရတယ်ဗျ။
နောက်ပြီး weather အခြေအနေကိုလည်း ဖော်ပြပေးပါတယ်။ပြီးတော့ Battery level ကိုလည်း ဖော်ပြပေးပါတယ်။

 Download>>> Notification Bar Delux

Boot animation (logo) for Root User

Boot animation (logo) for Root User



အခုတင်ပြပေးမဲ့ Application ကတော့ မိမိတို့ဖုန်း Boot တက်လာတဲ့အချိန်မှာ logo
လေး ပြောင်းနည်း  ဖြစ်ပါတယ် ဒါလေးကို သွင်းဖို့အတွက် မိမိ တို့ဖုန်းဟာ Root ထား
မှ ထည့်လို့ရပါမယ်ဗျာ။ Internet လည်းရှိရပါမယ်။ အရင်ကဆို Boot Animation ပြောင်းရင်
Root Explore သုံးပြီး system/media/boot animation ဖိုင်ကို ပြောင်းထည့်
ဒါမှမဟုတ်ရင်clockworkmod ကနေ zip ဖိုင်ကို flash ရပါတယ်။ အခု Application
ကတော့ အပေါ်ကပြောတဲ့ဟာတွေမလိုပါဘူးဗျ။ ကဲ အောက်က screen shot လေးတွေ
ကြည့်ပြီး လေ့လာရအောင်ဗျာ။တစ်ခုရှိတာက ဖုန်းတိုင်းတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

Download >>>Boot Animation


MYMC Radio (Myanmar Youth Media Club) v1.0 for Android


Android ဖုန်းတွေပေါ်ကနေ MYMC Radio (Myanmar Youth Media Club)သီချင်းထုတ်လွှင့်မှုတွေကို အဆင်ပြေပြေ နားထောင်နိုင်ဖို့ MYMC ရဲ့ android radio applicationကိုတင်ပေးလိုက်ရပါတယ်။ မြန်မာသီချင်းအလန်းများနဲ့ကဏ္ဍကောင်းကောင်းလေးတွေကို ထုတ်လွှင့်ပေးနေတဲ့ MYMC Radio (Myanmar Youth Media Club) ရဲ့ ရေဒီယိုထုတ်လွှင့်ချက်များကို MYMC Radio (Myanmar Youth Media Club) v1.0 for Android ကိုအသုံးပြုပြီး ဖမ်းယူနားဆင်နိုင်ပါပြီ။ အောက်က link မှာရယူနိုင်ပါတယ်။




App2zip Pro v1.03 for Android (Full Version)




ဖုန်းထဲမှာသွင်းထားတဲ့ application တွေဒါမှမဟုတ် ဖုန်းထဲမှာနဂိုပါတဲ့ System application တွေကို Flashable Zip file (update.zip) အနေနဲ့ပြန်ထုတ်ပေးနိုင်တဲ့ application လေးပါ။ ဖုန်းထဲကနေ ဒီဆော့ဝဲလေးနဲ့ထုတ်လို့ရလာတဲ့ app zip ဖိုင်( flashable zip ဖိုင်) လေးကို တခြားဖုန်းမှာပြန်သွင်းချင်တယ်ဆိုရင် ClockwordMod Recovery ကနေပြန်သွင်းလို့ရပါတယ်။ ဒီ App2zip ဆော့ဝဲလေးကိုသုံးဖို့အတွက် ဖုန်းက root လုပ်ထားပြီးဖြစ်ရပါမယ်။ 

App2zip ဆော့ဝဲလေးကို Google Play မှာ ၂ ဒေါ်လာနဲ့ဝယ်ယူရပါတယ်...



Live wallpaper &Go-launcher-ex-theme & Go locker themes for Android






http://www.mediafire.com/?r18a8vco19hn9sa Amazing Spider-Man 3D Livewallpaperrလေးပါ။size တော့ကြီးတယ် graphic ကတော်တော်ကောင်းတယ်။




















 




 





















ရွက်ကြွေတောမှာ လမ်းလျှောက်ချင်သူများအတွက် https://www.dropbox.com/s/q8upch6fi1oo3r3/Autumn%20Live%20Wallpaper.apk
 








live wallpaper လေးပါ ကိုယ့်ဆီက ရာသီဥတုအလိုက် မိုးရွာ နေပူ ကို ပြောင်းလဲ ပြပေးပါတယ်။












Beach live wallpaper လေးပါ ကိုယ့်ဆီကရာသီဥတုအလိုက် မိုးရွာတာ နေပူတာတွေကို ပြောင်းလဲ ပြသပေးပါတယ်။












United ပရိသတ်တွေအကြိုက်တွေ့စေမယ့်Manchester united theme https://www.box.com/s/w6g9ef5vkbl78nihmnw1



United ပရိသတ်တွေအကြိုက်တွေ့စေမယ့်Manchester united live wallpaperhttps://www.dropbox.com/s/kwvwjw5deek70qp/com.lacas.manchester.livewallpaper_60.apk



United ပရိသတ်တွေအကြိုက်တွေ့စေမယ့်Manchester united go locker https://www.box.com/s/32nctlbmg6i56opyqhi2



arsenal ပရိသတ်တွေ အတွက် arsenal-3d-live-wallpaper-41-1https://www.dropbox.com/s/c2xmqs2oa7vuu3u/com.lacas.arsenal.livewallpaper.60.apk



arsenal ပရိသတ်တွေ အတွက်Arsenal London GO Locker theme https://www.dropbox.com/s/u616oodnahi2qqi/Arsenal%20London%20GO%20Locker%20Theme%281.0%29.apk






chelsea ပရိသတ်တွေ အတွက် chelsea London GO Locker theme https://www.dropbox.com/s/mtmhoxl88393n9h/Chelsea%20London%20GO%20Locker%20Theme%281.0%29.apk



Manchester City ပရိသတ်များအတွက် Manchester City live wallpaper https://www.dropbox.com/s/fpyy3n1vguewsaw/Manchester%20City%20Live%20Wallpaper%281.0%29.apk