Monday, December 3, 2012

Android Software Development Kit(SDK) ကို ကွန်ပျူတာထဲကို install လုပ်နည်း



Android SDK(Software Development Kit) ကို ကွန်ပျူတာထဲကို ထည့်သွင်းဖို့ ပြောပြရတာကတော့ အခြားမဟုတ်ပါဘူး။ ဖုန်းတွေကို တကယ့် အသေးစိတ် root လုပ်တာမျိုးတွေ(အခုနောက်ပိုင်းမော်ဒယ်မြင့်ဖုန်းတော်တော်များများက Android SDK နဲ့ computer ထဲမှာ ထည့်သွင်းပြီး root လုပ်ရတဲ့ software ရယ်နှစ်ခုပေါင်းပြီးroot လုပ်မှရပါတယ် ။ အရင် ဖုန်းတွေလို ဖုန်းထဲမှာ ထည့်ပြီး root လုပ်ရတဲ့ application မျိုး -ဥပမာ z4root လိုမျိုးနဲ့မ၇တော့ပါဘူး) ၊Android application တွေကို ကိုယ်တိုင်ရေးသားလိုသူတွေအတွက် Android SDK ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဆိုရင် Android SDK ကိုကွန်ပျူတာထဲကိုinstall စလုပ်လိုက်ကြရအောင်။
Android SDK တစ်ခုလုံးကိုပြီးစီးအောင်သွင်းရာမှာ အင်တာနက် ကွန်နက်ရှင်ရှိရပါမယ်။ အင်တာနက်နဲ့ချိတ်ပြီး လိုအပ်တဲ့ tools တွေကို သူ့ဘာသာသူ download လုပ်သွားမှာပါ။
ပထမဆုံးအနေနဲ့ Android SDK မသွင်းခင် Java Development Kit (JDK ) ကို ကွန်ပျူတာထဲအရင်သွင်းထားလိုက်ပါ။

JDK အားရယူရန်

ပြီးရင် Android SDK ကို အောက်မှာရယူလိုက်ပါ။




Android SDK အားရယူရန်
 
ိdownload လုပ်ထားတဲ့ SDK zip ဖိုင်လေးကို zip ဖြည်ပြီး ရလာတဲ့ android-sdk-windows ဆိုတဲ့ folder လေးကို ကွန်ပျူတာရဲ့ C: အောက်မှာသွားထားပါ။ ပြီးရင် အဲဒီ folder ထဲက SDK Manager ကို run လိုက်ပါ။ SDK Manager လေးပေါ်လာပြီဆိုရင် install လုပ်ရမယ့်
tools တွေကို list နဲ့ပြပါလိမ့်မယ်။ အောက်ကပုံထဲကအတိုင်း check လုပ်ပေးပြီး install လုပ်လိုက်ပါ။

လိုအပ်တဲ့ tools တွေကို auto download လုပ်ပြီးသွားပြီဆိုရင် android-sdk-windows folder ထဲကိုပြန်ဝင်ကြည့်လိုက်ပါ။ platform-tools ဆိုတဲ့ folder လေးကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲမှာ ADB နဲ့ သူရဲ့ functionalities tools တွေပါပါတယ်။ အခု Android SDK ရဲ့ path လမ်းကြောင်းပေးရပါမယ်။ path လမ်းကြောင်းပေးဖို့အတွက် My Computer ကို right click နှိပ်။ properties ထဲက Advance Tab ကိုဝင်ပါ။ Advance Tab ထဲက Environment variable ကို နှိပ်ပါ ။ System variable ထဲကမှ ClassPath ကိုရွေးပြီး edit ကိုနှိပ်ပါ။ အဲဒီမှာ Path လမ်းကြောင်းထည့်ဖို့အတွက် Dialog Box လေးတစ်ခုပေါ်လာပါမယ်။ အောက်ကပုံအတိုင်းပါ ။


အဲဒီ Dialog Box ထဲက စာသားတွေကိုမဖျက်ဘဲနဲ့ အဲဒီစာကြောင်းရဲ့နောက်ကနေ အောက်ပါ directory ကိုထည့်ပါ။
;c:android-sdk-windowstools;c:android-sdk-windowsplatform-tools ထည့်ပြီးပြီဆိုရင် အရင်ရှိပြီးသား path နဲ့ အခု နောက်ကနေထပ်ထည့်လိုက်တဲ့ path လမ်းကြောင်း ကိုတွေ့ရပါလိမ့်မယ် ။ ဥပမာအားဖြင့်
C:Program FilesCommon FilesMicrosoft SharedWindows Live;C:Program Files (x86)Common FilesMicrosoft SharedWindows Live;%SystemRoot%system32;%SystemRoot%;%SystemRoot%System32Wbem;%SYSTEMROOT%System32WindowsPowerShellv1.0;C:Program Files (x86)ATI TechnologiesATI.ACECore-Static;C:Program Files (x86)Windows LiveShared;C:Program FilesJavajdk1.6.0_23bin;C:Program Files (x86)Javajdk1.6.0_23bin;C:android-sdk-windowstools;C:android-sdk-windowsplatform-tools
အဲဒီလိုပုံစံမျိုးပါ။ ပြီးရင် SDK နဲ့ ဖုန်းနဲ့ချိတ်ဆက်ဖို့ရာ လိုအပ်တဲ့ USB Driver တွေကို download လုပ်ရပါမယ်။ SDK Manager ကိုပြန်ဖွင့်ပါ။ အောက်ကပုံအတိုင်း Available packages ကိုသွားပြီး Google USB driver package ကို အမှန်ခြစ်ပေးပြီး install လုပ်ပါ။




ဒါဆိုရင် Android SDK ကို install လုပ်ဆောင်မှုပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လုပ်ဆောင်ဖို့အတွက်ကိုတော့ ကွန်ပျူတာနဲ့မချိတ်ခင်မှာ ဖုန်းရဲ့ setting ထဲက Application > Development > USB debugging ကို enabled လုပ်ထားရပါမယ်။ တကယ်လို့ ဖုန်းနဲ့ ကွန်ပျူတာနဲ့usb ကတစ်ဆင့် ချိတ်ဆက်ပြီးပြီဆို၇င် ခုနက install လုပ်ထားတဲ့
USB Driver က သိပြီး My Computer ကနေ right click နှိပ်ပြီးDevice Manager ကနေကြည့်ရင် အောက်ပါအတိုင်းပေါ်လာမှာပါ။ ဥပမာအနေနဲ့ကြည့်ပါ။

Huawei ဖုန်း တော်တော် များများ Root လုပ်နည်း....

ဒီ နည်း က တော့ Huawei တော်တော် များများ မှာ ရပါတယ် ။အထူးသဖြင့်  Android Version 2.3 နဲ့ အထက် တွေ ပေါ့ ။အရင် ဆုံး  Unlock root   တို့ super one click တို့ နဲ့ အရင်root  ဖြည် ကြည့် လိုက်ပါ ။မရ မှ ဒီ နည်း စမ်းပါ ။

  Supper Root Download Click Here

ဖုန်း ကို အရင် ပိတ်လိုက် ပါ ။ပြီး ရင် Volume -  (အသံ လျော့ ခလုပ် )  +  Power ခလုပ်  ၁၀ စကန့်လောက် တွဲ နိုပ် ထား ပါ ။လိုဂိုမှ ရပ်နေ ပါမယ် ..အဲ့ ဒါဆို ဒေါင်းထား တဲ့ Super root zip ကို ဖြည် ပြီး ရလာတဲ့ ဖိုင် ထဲ က install-superrecovery-windows  ကို ဖွင့် လိုက် ပါ ။ဖုန်း ကို ကွန်ပြူတာနဲ့ ချိတ် လိုက် ပါ ။စောစောက ဖွင့် ထားတာ သူဘာ သာ လုပ် သွား ပါမယ် ။၁၀ စကန့် ကြာရင် ။ဖုန်း ဓာတ်ခဲ ထုတ် ပြီး ၅စကန့် နေ ရင် ပြန်ထည့် ပါ ။ပြီး ရင် Volume +    (အသံ့ ချဲ့ ခလုပ် )  +   power ခလုပ် တွဲ နိုပ် ထား ပါ ။recorvery menu ပေါ် တဲ့ အထိ ။ပေါ်လာ ရင် အပေါ် ဆုံးက ဟာကို နိုပ် လိုက် ပါ ။ph restart ကျ သွားပြီး ပြန် တက် လာ ရင် root ဖြည် ပြီးပါပြီ ။

မြန်မာစာ သွင်းဖို့ အတွက် ကို တော့ ဒါလေးဒေါင်းပါ

 

Myanmar Font Download Click Here 

သွင်းပြီးရင် ဖွင့် လိုက် ရင်  မေးလာရင် Grant လုပ်ပေးလိုက် ပါ ။ပြီးရင် မြန်မာဖောင့် ပြောင်းလိုက် ပါ ။
ပြီးရင်  မြန်မာကီးဘုတ် ဒေါင်းပြီးသွင်းလိုက်ပါ ။
 
Myanmar Keyboard Download Click Here 


သွင်းပြီးရင် settings - Language & keyboard - Frozen Keyboard ကို မှန်ခြစ် လိုက် ပါ ။

ပြီးရင် စာရိုက် တဲ့ နေ ရာ ကို ဖိ ထားလိုက် ရင် input ပေါ်လာ ရင် frozen keyboard ကို ရွှေးလိုက် ရင် ပြီးပါပြီ ။

Huawei U8860 Version 2.3.7 ကို Root လုပ်နည်း

အဆင့် (၁) မိမိ၏ဖုန်းတွင်းမှ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) Download လုပ်၍ရလာသော zip ဖိုင်ကိုဖြေပါ။

အဆင့် (၃) Phone ခေါ်မည့်ခလုပ်ကိုနှိပ်၍ * # * # 2846579 # * # * ကိုရိုက်ထည့်ပါ။

အဆင့် (၄) MMITest_II နှင့် ProjectMenu ပေါ်လာပါမည်။ ProjectMenu ကိုနှိပ်ပါ --> Background
setting ကိုနှိပ်ပါ -->Log settings ကိုနှိပ်ပါ --> Log switch ကိုနှိပ်၍ Log on ကိုရွေးပါ။ထိုနောက် back ပြန်နှိပ်၍ Log Level setting ကိုနှိပ်ပါ --> VERBOSE ကိုရွေးပြီး Home ခလုပ်ကိုနှိပ်ပြီး ဖုန်းကို Reboot လုပ်ပါ။

အဆင့် (၅) USB Debugging On ၍ Download ရယူထားသော DooMLoRD_v4_ROOTဖိုင်ကိုဖွင့်ပါ။ဖုန်းဖြင့် ကွန်ပြူတာကိုဆက်သွယ်၍ runme ကိုဖွင့်ပါ။ cmd box ကျလာပါမည်။ cmd box တွင် enter ခေါက်ပါ။ root စတင်လုပ်နေပါပြီ root သွားသောအခါ ဖုန်းကို auto reboot လုပ်ပါမည်။ ဖုန်းပါဝါပြန်တက်လာသောအခါ appation များထဲတွင် superuser ဆိုတဲ့အရိုးခေါင်းပုံစက်ရုပ်လေးပေါ်နေပါပြီ။သင့်ရဲ့ဖုန်းကိုသင်ကိုယ်တိုင် အောင်မြင်စွာ Root လုပ်နိုင်သွားပါပြီ။

Download>>> Huawei U8860 Version 2.3.7 Root Tool

91 Android Suite နဲ့ Root လုပ်ကြည့်ရအောင်……..

ဒီနည်းလေးကတော့ Version 2.1 တွေ 2.3 အထိ အဆင်ပြေတက်ပါတယ်……
နာမည်ကြီးဖုန်းတွေမှာအဆင်ပြေတာများတယ်…….
ကဲပါဘာပဲဖြစ်ဖြစ်တစ်ခုတိုးတော့ပို အဆင်ပြေပြေ Root ဖောက်နိုင်ကြမှာပါ……
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ……

Download>>> 91assistant

ပြီးရင်တော့ 91 ကို Computer မှာ  Install ဆွဲလိုက်ပါ….
Root လုပ်မဲ့ဖုန်းရဲ့ Driver တွေကို သွင်းပြီးရင် Detect သိအောင်လုပ်ပါ…


System ဆိုတဲ့ဟာလေးတွေလား……
ဒါလေးကို တစ်ချက်လောက်နှိပ်လိုက်ရင် ဒီလိုပုံမျိုးတွေပါလိမ့်မယ်……
One key Root ဆိုတာလေးကိုနှိပ်လိုက်ပါ…….
Root လုပ်လို့ရမရပြောပါလိမ့်မယ်….
ဒီလိုပုံလေးပေါ့……
Root ရပြီဆိုရင် Sucessful ဆိုပြီးပြပါတယ်….
Reboot ကတော့တစ်ခါပဲကျတယ်..
စမ်းကြည့်ကြပါ….. Huawei S8600 တို့ Samsung တော်တော်များများမှာရတာတွေရပါတယ်……